Myanmar Real Estate Services Association (MRESA)


Myanmar Real Estate Services Association (MRESA) associated under the Myanmar Company Act on 28th June 2012 by Ministry of National Planning and Economic development certificate of Association No.1230 of 2012-2013.

MRESA
Emerged date of MRESA 28-6-2016
National Level Office 1
Regional and State level Office 15
District level Office 6
Township level Office 41
Total members 5380
Basic Professional Real Estate Skill Training 58 Batches
International Activies
Membership and MoU with ARENA on 26-8-2016 at Bangkok
Friendship with MIEA on 1-10-2016 at Kuala Lumpur
Friendship with PAREB on 6-10-2016 at Laoag City
Friendship with PAREB on 6-10-2016 at Hanoi
Contect with FIABCI on 13-3-2017 at Nice,France
MoU with CVEA on 23-6-2017 at Phnom Penh,Combodia
MoU with IEA on 27-7-2017 at Singapore
MoU with SEAA on 28-7-2017 at Singapore
MoU with AREBI on 31-7-2017 at Jakarta, Indonesia

အိမ်ခြံမြေ အသင်းဝင် များရရှိသည့်အကျိုးကျေးဇူးများ


အိမ်၊ခြံ၊မြေ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူ များသည် မိရိုးဖလာအရ ပွဲစား (အကျိုးဆောင်) လုပ်ငန်းများ လုပ်ကိုင် လာကြသော်လည်း ခေတ်အခြေအနေအရ တူရာတူရာဖွဲ့၍အသင်းအဖွဲ့ များဖွဲ့စည်းလာခြင်း၊

အများကြားမှာ နောက်ခံအဖွဲ့အစည်းဖြင့် ရပ်တည် လိုလာခြင်း၊ နိုင်ငံခြားနှင့် ဆက်ဆံမှုတွင် အဖွဲ့အစည်းအဖြစ်လိုအပ်လာ ခြင်း၊

နိုင်ငံတော်မှ အားပေးထောက်ခံသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာ ရေး တို့အတွက် အကောင်အထည် ဖော်ဆောင်ရွက်လိုခြင်း၊

လူသားတို့ သည် မိမိအကျိုးပြည့်စုံနေလျှင် အများအကျိုးကိုလဲ ဆောင်ရွက် ချင်သည့် စိတ်ဓာတ်များရှိရာ မိမိအကျိုးနှင့် အများအကျိုးကို တစ်ပြိုင်ထဲ ဆောင်ရွက်သွားလိုခြင်း၊ တို့ကြောင့်မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ဝန်ဆောင်မှု အသင်းကြီး အဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။

အသင်းဝင်ပြီးသူအသင်းသားများကော၊ အသင်းသို့ဝင်ရောက် လိုသည့်သူများပါ မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုအသင်းသို့ ဝင် လျှင် ဘာအကျိုးကျေးဇူးရနိုင်သလဲ ဆိုသည့်မေးခွန်းရဲ့အဖြေကိုသိချင် နေကြပါသည်။

အသင်းဝင်ခြင်း က နေရရှိမည့် အကျိုးကျေးဇူးများ -

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းသည် NGO လူမှုရေးအသင်း တစ်ခုဖြစ်သည်။ သို့သော်လည်း အသင်းသား အကျိုးဆောင်များမှာ -

  • (က) ကုမ္ပဏီအဆင့်အကျိုးဆောင်
  • (ခ) အစုစပ်၊ဆိုင်းဘုတ်တင်လုပ်ကိုင်သည့်အကျိုးဆောင်
  • (ဂ) တစ်ဦးချင်းအကျိုးဆောင်ဟူ

၍ (၃)မျိုး (၃)စား ပါဝင်၍ စီးပွားရေး လုပ်ကိုင်နေသူ များဖြင့် ဖွဲ့ စည်း ထားခြင်း ဖြစ်သည့်အတွက် စီးပွားရေးအသင်း တသင်းဟုလည်း သတ်မှတ်နိုင်ပါသည်။

ထို့ကြောင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ မှတ်ပုံတင်လိုင်စင် ထုတ်ပေးခဲ့ခြင်း ဖြစ် ပါသည်။

ထို့ကြောင့်လည်း လူမှုရေးအကျိုးအမြတ်များ၊ စီးပွားရေး အကျိုးအမြတ်များရရှိကြပါမည်။

  • (၁) အသင်းဝင်တစ်ဦးအနေဖြင့် အိမ်ခြံမြေ ပညာပေးသင်တန်း တက်ချိန်တွင် မြို့နယ်စုံရှိ အသင်းဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ အသင်းဝင်များ ဦးရေ (၁၀ဝ) ဝန်းကျင်ကို တစ်နေရာတည်းတွင် မိတ်ဆွေဖြစ်ခွင့်ရရှိစေခြင်း။
  • (၂) အသင်းသားမိတ်ဆွေများနှင့် ချိတ်ဆက်ပြီး အိမ်ခြံမြေ ရောင်း/ ဝယ်/ငှားများကို ပူးပေါင်း ဆောင်ရွက်ခွင့်ရရှိ၍ အကျိုးစီးပွားဖြစ် ထွန်းစေခြင်း။
  • (၃) အသင်းသားအချင်းချင်း MRESA အသင်းကြီး၏ ကျေးဇူး ကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကို အချိန်တိုတိုနှင့် တည်ဆောက် နိုင်ခြင်း။
  • (၄) မိမိစီးပွားရေးလုပ်ငန်းအတွက် (ဂ) အဆင့်မှ (ခ) အဆင့်သို့ ၄င်း၊ (ခ) အဆင့်မှ (က)အဆင့်သို့ ၄င်း အောင်မြင်မှု၊ ဂုဏ်သတင်း ကောင်း ရှိသူများကို အတုယူပြီး စွန့်ဦးတည်ထွင် လုပ်ငန်းရှင်ကောင်း များ ဖြစ်အောင် ကြိုးစားနိုင်ခွင့်ရရှိစေခြင်း။
  • (၅) အိမ်ခြံမြေဝန်ဆောင်မှု ပညာသင်တန်းမှ ပို့ချသော အိမ်ခြံမြေ ဥပဒေပညာ၊ ဝန်ဆောင်မှုပညာ၊ စီးပွားရေး ကိုယ်ကျင့်သိက္ခာပညာ ရပ်များကို အသင်းကြီးမှ ငွေကုန်ကြေးကျခံပြီး၊ အသင်းသား များကို အခမဲ့ သင်ကြားခွင့်ရရှိစေခြင်းနှင့် အိမ်ခြံမြေ ရောင်းဝယ်/ ငှားလုပ် ငန်းတွင် Professional ပီသစွာ၊ ကျွမ်းကျင်လိမ္မာစွာဖြင့် ဖောက်သည် များ၏ ကျေနပ်မှု (Satisfaction) ဆောင်ရွက်ပေးနိုင်သူ အဖြစ်ရောက် ရှိစေခြင်း။
  • (၆) UMFCCI ၏ Seminar, Workshop ၊ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခွင့်ရခြင်း၊ ဆိုင်ရာအသိပညာ၊ အတွေ့အကြုံများကို ရရှိစေခြင်း။
  • (၇) အသင်းကြီး၏ အသင်းသားများ လစဉ် တွေ့ဆုံဆွေးနွေးပွဲများကိုတက်ရောက်ခွင့်ရရှိခြင်းကြောင့် အသိပညာကြွယ်ဝလာခြင်း။
  • (၈) MRESA Facebook မှ အိမ်ခြံမြေ သတင်းအချက်အလက် နှင့် အသိပညာဖြန့်ဝေခြင်းများရယူနိုင်ခြင်း၊
  • (၉) တိုင်းဒေသကြီးနှင့်ပြည်နယ်၊ နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးရှိ MRESA Members များနှင့် ချိတ်ဆက်ပြီး အချိန်တိုအတွင်းမိမိဖောက်သည်၏ လိုအပ်ချက်များကို ဝန်ဆောင်မှုလုပ်ငန်း ချဲ့ထွင်ဆောင်ရွက်ခွင့် ရရှိခြင်းကြောင့် အကျိုးစီးပွားဖြစ်စေခြင်း။
  • (၁၀) MRESA Members အသင်းသားဖြစ်သည့် အတွက် ယခင် မိရိုးဖလာ လုပ်ကိုင်နေသော အိမ်ခြံမြေ အကျိုးဆောင်မှသည် သင်တန်း တက်ပြီး လက်မှတ်ရ (Certificate) အိမ်ခြံမြေ အကျိုးဆောင်အဖြစ်၊ Smart Card ကိုင်ကာ၊ ဝင့်ဝင့်ထည်ထည် လုပ်ကိုင်ဆောင်ရွက် လာနိုင် မည်ဖြစ်ခြင်းနှင့် အသင်းကြီး၏ အရိပ်အောက်တွင် လုံခြုံစိတ်ချစွာ နေနိုင်ခြင်း၊
  • (၁၁) မြန်မာနိုင်ငံသား ပီသစွာဖြင့် မိမိ၏အကျိုး၊အသင်း၏ အကျိုး နှင့် နိုင်ငံတော်၏ အကျိုးစီးပွား အတွက် အသင်းဝင်တစ်ယောက် ဖြစ်ခြင်းကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်း စသော အကျိုး ကျေးဇူးများကို ခံစားရရှိနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် မိမိတစ်ဦးတည်း စီးပွားရှာနေခြင်း ထက် အဖော်နှင့် အပေါင်းနှင့် စီးပွားရှာက ပိုမိုခရီးတွင်မည်ဖြစ်ပါသည်။ အသင်းဝင်လိုက်ခြင်းဖြင့် မိမိလက်တံရှည်လာမည်ဖြစ်ပြီး အသင်းကြီးအ တွက်လည်း မိမိကပေးစပ်၍ အသင်းကြီးကပေးသည့် အကျိုးကျေးဇူး များကိုလည်း မိမိလိုသလို ခံစားရယူနိုင်ခြင်းသည် အသင်း ဝင်ရောက်ရခြင်း ၏ အကျိုးကျေးဇူးများပင်ဖြစ်ပါသည်။

မိမိဘာလိုချင်သလဲ၊ လိုချင်တာကို သိဖို့ရယ်၊ ဘယ်လိုရအောင် ယူရမလဲဆိုတာကိုသိလျှင် များစွာသော အကျိုးကျေးဇူးများ ရရှိပါသည်။ တနည်းအားဖြင့် မိမိပေးဆပ်နိုင်သည့် အလျောက် အကျိုးကျေးဇူးများ ရရှိမည် မလွဲပင်ဖြစ်ပါသည်။

(ဥက္ကဌ ၏ မီဒီယာသို့ ဖြေကြားမှုအား ကူးယူ ဖော်ပြပါသည်။)

(ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီ)

မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ၀န်ဆောင်မှုအသင်း (ဗဟို)

Check if your agent is registered with MRESA

Events & News


Myanmar Real Estate Services Association Regulations No. (1/2019)

MRESA_Announcement

Myanmar Real Estate Services Association have announced Regulations No (1/2019) on 31st of December

Read More

ARENA COP Meeting hosted by MRESA

MIEA Annual Awarding and GALA Dinner

This is the 6th ARENA COP Meeting hosted by MRESA under its Chairmanship in 2019 in Novotel Hotel on 22nd March, 2019.

Read More

Welcome Dinner for COP delegates of ARENA

MIEA Annual Awarding and GALA Dinner

Welcome Dinner for COP delegates of ARENA was hosted by Chairman U Khin Maung Than of MRESA on 21st March, 2019 at Western Park Royal

Read More

MIEA Annual Awarding and GALA Dinner

MIEA Annual Awarding and GALA Dinner

With Minister of Houshing,Malaysia at MIEA Annual Awarding and GALA Dinner

Read More

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အဖြစ် တရားဝင်မှတ်ပုံတင်ကျပါပြီ။

MRESA01

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အဖြစ် တရားဝင်မှတ်ပုံတင်ကျပါပြီ။

Read More

Professional Agent အဆင့်သင်တန်း

MRESA02

မန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မူ့အသင်းကချင်ပြည်နယ်မှကြီးမူး၍အိမ်ခြံမြေဝန်ဆောင်မူ Professional Agent အဆင့်သင်တန်းကို ဘာသာရပ် ၇ ခု ဖြင့်ပညာရှင်ကြီးများမှလာရောက်သင်ကြားပို့ချပြီးCertificate များကိုAsean Real Estate Network Alliance (ARENA)ဥက္ကဌ ကိုယ်တိုင်ချီးမြှင့်ပေးမည်ဖြစ်ပါသည်...

Read More

Philippines နိုင်​ငံတွင်​ ကျင်းပ​သော National Convention

MRESA03

Philippines နိုင်​ငံတွင်​ ကျင်းပ​သော National Convention ပွဲ သို့ မြန်​မာနိုင်​ငံအိမ်​ခြံ​မြေ၀န်​​ဆောင်​မှု အသင်း(ဗဟို)ဥက္ကဌ ဦးခင်​​မောင်​သန်း နှင့်​ ​(ဗဟို)EC ဦး​နေ၀င်း​မောင်​တို့ တက်​​ရောက်​စဉ်​ပါသည်...

Read More

Real Estate Agencies



5,000+ Real Estate Agencies

Over 5K Real Estate Agencies listed on our portal.

More

Search Real Estate Agent Details

Check if your agent is registered.

More

Web Site ရေးဆွဲရခြင်းအကြောင်း

ကျွန်တော်သည် ၂၀၁၂ ခုနှစ် အိမ်ခြံမြေ၀န်ဆောင်သူများ အသင်းအပင်းစတင်ဖွဲ့စကတည်းကပင် အသင်းဝင်အမှတ် ၀၀၉၈/၂၀၁၂ ဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း၏ အသင်းဝင်တစ်ဦးဖြစ်ခဲ့ပါသည်။

More