MRESA အသင်းနောက်ခံသမိုင်းနှင့် ဖွဲ့စည်းပုံ

အိမ်ခြံမြေအကျိုးဆောင်များ (ရောင်း/ဝယ်/ငှား) ဝန်ဆောင်မှုပေးရာတွင် ကြုံတွေ့နေရသည့်ပွဲကျော်ခံရခြင်း၊ ပွဲခမရခြင်း၊ အကျိုးဆောင်ပွဲစားများအား အထင်သေးအမြင်သေး ပြောဆိုဆက်ဆံခံရခြင်းများစသည်တို့ကိုဖြေရှင်းပေးရန်နှင့် အကျိုးဆောင်ပွဲစားများအား ဝန်ဆောင်မှုပညာရပ်များ၊ အိမ်ခြံမြေဆိုင်ရာဥပဒေဘာသာရပ်များနှင့် ကိုယ်ကျင့်သိက္ခာ၊ အသိ ပညာရပ်စသည်တို့ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အကျိုးဆောင်များအားလုံး နှင့်သက်ဆိုင်သည့်အိမ်ခြံမြေဝန်ဆောင်မှု အသင်းတစ်ခုကိုကိုဖွဲ့စည်းတည်ထောင်ရန် ၂၀ဝ၅ ခုနှစ်တွင် ရန်ကုန်တိုင်းအကျိုးဆောင်များလောကတွင် ဆွေးနွေးလာ ခဲ့ကြပါသည်။

မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်းကြီး၏ Founders များဖြစ်ကြတဲ့ (၁)ဦးခင်မောင်သန်း၊ မြန်မာ့ရောင်ခြည်ကုမ္ပဏီ၊ ဥက္ကဌ၊ (၂) ဦးသန်းဦး၊ မဏ္ဍိုင်ကုမ္ပဏီ ဒုတိယဥက္ကဌ၊ (၃) ဦးသိန်းလှညို၊ ရွှေအိမ်ကမ္ဘာ ဒုတိယဥက္ကဌ၊ (၄) ဒေါ်မို့မို့အောင် ၀င်းရွှေဝါကုမ္ပဏီ၊ အထွေထွေအတွင်းရေးမှူး၊ (၅) ဒေါ်မိုးမိုးထွန်း၊ မိုးလွင်ကုမ္ပဏီ၊ ဘဏ္ဍာရေးမှူး၊ (၆) ဦးမြင့်စိန်၊ ဖိုးဝကုမ္ပဏီ၊ အဖွဲ့ဝင်တို့ပါဝင်သည့် အဖွဲ့မှဦးဆောင်ပြီး ၂၀ဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းအား တရားဝင်မှတ်ပုံတင် လျှောက်ထားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဒုတိယအကြိမ်အဖြစ် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ လ ၁ ရက်နေ့တွင် ထပ်မံ လျှောက်ထားခဲ့ရာတွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်စွဲပါ ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၂၃၀-၂၀၁၂/၂၀၁၃ အရ ၊ မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေဝန်ဆောင်မှု အသင်းကြီးအဖြစ်ပေါ်ပေါက်လာခဲ့ရပါသည်။

အသင်းကြီးဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်များမှ ရန်ကုန်မြို့ပေါ်ရှိအကျိုးဆောင်များသာမက တစ်နိုင်ငံလုံးရှိအကျိုးဆောင်များပါ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းတွင် ပါဝင်လာရေး စည်းရုံးခြင်း၊ လေ့ကျင့်သင်ကြားပေခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရုံးခန်းများဖွဲ့စည်းပေးခြင်းများ အဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ၆-၆-၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ချင်းပြည်နယ်-ဟားခါး)ကိုဖွဲ့စည်းပေးနိုင်ခဲ့သဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် (၁၅) ခုတို့တွင်ရုံးခွဲများဖွဲ့စည်းပေးနိုင်ခဲ့ပါသည်။

ဒေသလိုအပ်ချက်များအရ ၂၀၁၆ ခုနှစ်၊ ဩဂုတ်၂၂ ရက်နေ့တွင် မြဝတီခရိုင်အားဖွဲ့စည်းပေးနိုင်ခဲ့သဖြင့် ပြင်ဦးလွင်၊ တာချီလိတ်၊ ပြည်၊ လားရှိုး၊ မြိတ်၊ မြဝတီ စသည်ဖြင့်ခရိုင်အဆင့် (၆) ခုတွင်လည်းရုံးများဖွဲ့စည်းပေးနိုင်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးကို ကျစ်လစ်သိပ်သည်းစွာဖြင့်ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်(၄၅)မြို့နယ်မှ အတွင်းစည်း (၃၈)မြို့နယ်ရှိအကျိုးဆောင်များအား မိမိတို့ဒေသအလိုက် အကျိုး ဆောင်များ ဘဝဖွံ့ဖြိုးရေးနှင့်အကျိုးဆောင်လုပ်ငန်းများစနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမြို့နယ်အဆင့် (၃၈) မြို့နယ်ကိုလည်းရုံးများဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

ယခင်က ဗဟိုသည်ရန်ကုန်တိုင်း၊ ရန်ကုန်တိုင်းသည် ဗဟိုပုံစံဖြင့်ဆောင်ရွက်ခဲ့သော်လည်း တိုးပွားလာသည့် အသင်းကြီးအင်အားနှင့် ကျယ်ပြန် လာသည့်လုပ်ငန်းတာဝန်များအရ ဗဟို အနေဖြင့် အာဆီယမ်အဆင့်ပါဝင်လာရေး၊ အိမ်ခြံမြေဆိုင်ရာဥပဒေ၊ အိမ်ခြံမြေဆိုင်ရာ ဒီဂရီ၊ ကောလိပ်၊ တက္ကသိုလ်များပေါ် ပေါက်လာ ရေးတို့ကိုထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်လာသဖြင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ရန်ကုန်တိုင်းဒေသကြီး) ကိုဖွဲ့စည်းပြီး တိုင်းအဆင့်လုပ်ငန်းများကို ဦးစီးဆောင်ရွက်စေခဲ့ပါသည်။

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI သို့ ၅-၇-၂၀၁၂ ရက်နေ့တွင် ဝင်ရောက်ခဲ့ရာ အသင်းဝင်အမှတ် ၂၄၄၆၇ ဖြင့်(၃၅)ခုမြောက်ညီနောင်အသင်းအဖြစ်ရပ်တည်ခဲ့ပါသည်။ ၁၇-၉-၂၀၁၆ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ၂၀၁၆ -၂၀၁၉ ခုနှစ်ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၅၈)ဦး တွင်မြန်မာနိုင်အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဌမှ ဗဟိုအလုပ်အမှုဆောင်အဖြစ်တိုးတက်တာဝန်ထမ်းဆောင်ခွင့််ရှိခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၆/၂၇ ရက်နေ့များတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Arnoma Grand Bangkok Hotelတွင်ကျင်းပပြုလုပ်သည့် 2016 ARENA Convention and Expo (ASEAN Real Estyate Network Alliance) တွင် ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နာမ်၊ ကမ္ဘောဒီယားနိုင်ငံများမှ အိမ်ခြံမြေကိုယ်စားလှယ်များရှေ့တွင် အာဆီယမ်အဖွဲ့ဝင်ရောက်နိုင်ရေး နားလည်မှုစာချွန်လွှာ (Memorandum of Understanding- MoU) လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယမ်အဖွဲ့ဝင်အသင်းကြီးအဖြစ်ရပ်တည်နိုင်ခဲ့ပါသည်။

၆-၁၁-၂၀၁၆ ရက် (တနင်္ဂနွေ)နေ့၊ မွန်းလွဲ (၁ နာရီမှ ၅ နာရီအထိ) နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်(၆ထပ်) တွင် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မူ့လက်မူ့လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ ဦးတင်မောင်ဦး၊ ဦးစန်းလွင်၊ အမျိုးသား လွှတ်တော်ရုံးညွန်ကြားရေးမူးဦးလှဝင်း၊ အမျိုသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စလှယ်များ၊NRA ၊ ရှေ့နေချုပ်အသင်း ၊ ရှေ့နေများအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင်၊ နေပြည်တော်ကောင်စီနယ်မြေစည်ပင်၊ သတင်းမီဒီယာများ၊ ဥပဒေပညာရှင်များ၊ MRESA(ဗဟို)၊ တိုင်းသေဒကြီးနှင့်ပြည်နယ်များမှ အသင်းသားကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၄၂၃)ဦးတက်ရောက်ကြပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းကြီး၏ အိမ်ခြံမြေဝန်ဆောင်မူ့လုပ်ငန်းဆိုင်ရာဥပဒေ ပေါ်ထွက်လာရေးဆွေးနွေးပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။